My Father Presentation

စာ နည်းနည်းလေး ရှည်မယ်နော်… ဒါပေမယ့် စာဖတ်လို့ အသိတစ်ခု တိုးမယ်လို့ ယုံကြည်ပါတယ်…

ကျနော် အာမခံ ကိုယ်စားလှယ် တစ်ယောက်ပါ… အာမခံ product တွေကို ကျနော် ရောင်းချနေတာ မဟုတ်ပါဘူး…

အာမခံရှိရင် လူအများအတွက် ဘယ်လောက်ထိ အကျိုးရှိနိုင်တယ်ဆိုတဲ့ Concept ကိုပဲ ရောင်းချနေတာ…

အာမခံထားလို့ အကျိုးယုတ်တယ် ဆိုတာ မရှိပါဘူး… ဘာကြောင့်လဲ ဆိုတော့ အာမခံဆိုတဲ့ ဝေါဟာရ ပေါ်ပေါက်ခဲ့တာ ခရစ်တော် မပေါ်မီ ကတည်းက ဆိုပါတော့… ဘယ်လောက်တောင် ကြာခဲ့ပြီလဲ….

အာမခံ စနစ်က လူသားတွေကို တကယ်သာ အကျိုး မဖြစ်ထွန်းခဲ့ဘူးဆိုရင် ဒီစနစ်ကြီးတစ်ခုလုံး ရှိခဲ့တယ် ဆိုတာတောင် ကျနော်တို့ ကြားဖူးနားဝရယ်လို့ ရှိမယ် မထင်ပါဘူး…

ကျနော့် ပတ်ဝန်းကျင်မှာ ရှိတယ် မိတ်ဆွေ တစ်ချို့ကို ကျနော် မေးဖူးတယ်… ပိုက်ဆံ စုလား…. စုတယ်တဲ့…. ဘယ်မှာစုတာလဲ ဆိုတော့ ဗိုက်ထဲမှာတဲ့…. ဒါလဲ ကောင်းတာပဲ ဗိုက်ဝတာပေါ့…. (နောက်တာပါ)

ဘဏ်မှာ စုကြတယ်တဲ့… ဘာအတွက် စုတာလဲ ဆိုတော့ နောင်ရေးအတွက် စုတာပါတဲ့…

ဒါနဲ့ ကျနော်လည်း အသက်အာမခံ ထားပြီး စုပါလား… ပိုပြီး အကျိုးရှိတယ်လေ…

မိတ်ဆွေ တော်တော်များများ ပြန်ပြောကြာတာ တူညီတဲ့ အချက်တော့ ရှိတယ်…

ငါသေမှ ရမယ့် ပိုက်ဆံ သူများက သုံးသွားမှာပေါ့တဲ့… ကျနော် စိတ်မကောင်းဖြစ်ရတယ် ဗျာ…

တကယ်ပြောတာ…. ကျနော် တွေ့လိုက်ရတာက အတ္တတွေပေါ့…. ကျနော်တို့ မျိုးဆက်တွေ မချမ်းသာခဲ့တာ ဒီလို မျိုးစေ့တွေ မချခဲ့လို့ပဲ….

မျိုးစေ့သာ မှန်အောင် ချခဲ့ရင် မျိုးဆက်အလိုက် ချမ်းသာနေမှာ လို့ပဲ တွေးမိရင်း ဆရာ Dr. Sanjay Tolani ရဲ့ My Father Presentation အကြောင်းကို မိတ်ဆွေတွေ အတွေးတစ်ခု ရအောင် တင်ပြလိုက်ပါတယ်….

အဲ့ဒါက စဉ်ဆက်မပြတ် စီးဆင်းစေတဲ့ Water Flow အကြောင်းပါပဲ…

ဟိုး တောင်ပေါ်က ရေအိုင်က ရေတွေဟာ မြစ်ချောင်းတွေကနေ ပင်လယ် သမုဒ္ဒရာထဲကို စီးဝင်ကြတယ်…. ထိုကတဆင့် မြစ်ချောင်းတွေကို ပြန်စီးဆင်းပြီး နောက် ရေအိုင် တစ်ခု ဆီကို စီးဝင်ပြန်တယ်…. ဒါဟာ သဘာ၀ တရား တစ်ခုရဲ့ cycle တစ်ခုပါပဲ…

ကျနော်တို့ မျိုးဆက်မှာ ကျနော်တို့က ဟိုးတောင်ပေါ်က ရေအိုင်တစ်ခု…. ရေတွေ စီးဆင်းနေတာက ကျနော်တို့ရဲ့ Cash Flow ကိုပြတယ်….. မြစ်တွေ ချောင်းတွေကို ဖြတ်ပြီး စီးဆင်;တဲ့ ရေတွေဟာ ကျနော်တို့ဆီက စီးဆင်းသွားတဲ့ Cash flow ပါ… အဲ့ဒီ Cash Flow က သမုဒ္ဒရာ ဆိုတဲ့ ချမ်းသာမှု ဆီကို ဦးတည်ပြီး စီးဆင်းနေပါတယ်… အဲ့ဒီ သမုဒ္ဒရာကနေ ကျနော်တို့ရဲ့ မျိုးဆက်(နောက် ရေအိုင်)ကို သွားဖို့ မြစ်တွေ ချောင်းတွေ သာ မဖောက်ထားဘူး ဆိုရင် ကျနော်တို့ မျိုးဆက်က အခုလိုပဲ ရုန်းကန် ရှင်သန်ရဦးမှာပေ့ါ…

အထက်က စကားကို ပြန်ကောက်ရရင် ကျနော်တို့ မျိုးဆက်ကို ချမ်းသာကြွယ်ဝတဲ့ မျိုးဆက် ဖြစ်စေချင်ရင် အခုကတည်းက မျိုးစေ့ချမှန်ဖို့ လိုပြီ….

အသက်အာမခံ ထားဖို့ ကြော်ငြာနေသည် မဟုတ်ဘဲ အသက်အာမခံထားရင် အကျိုးရှိတယ်ဆိုတာ အကြံပြု သဘော ဆွေးနွေးခြင်းသာဖြစ်ပါတယ်….

သင့်မျိုးဆက်အတွက် သင့်တွင် တာဝန် ရှိသည်….

ကျနော့် အနေနဲ့ AIA Myanmar မှာ Financial Advisor အဖြစ် ဆောင်ရွက်နေပါတယ်….

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကျနော် ကူညီပေးပါရစေ….

ကျေးဇူးတင်ပါတယ် ခင်ဗျာ….

U Aung

09250668043, 09770954449

uaunginsurance@gmail.com

#AIA

#lifeinsurance

အိုဇာတာ ကောင်းဖို့ ဗေဒင် ယတြာ ချေလို့ မရပါဘူး… အသက်အာမခံ ဖြင့် ကြိုတင်စီမံထားပါ…