Fire Insurance

လူကြီးမင်းတို့၏ နေအိမ် အဆောက်အဦ စက်ရုံ အလုပ်ရုံများကို မီးအာမခံထားခြင်းဖြင့် မမျှော်လင့်နိုင်တဲ့ မီးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ငွေကြေး ရင်းစား ပြန်လည်ရရှိနိုင်ပါသည်။

အာမခံထားနိုင်သူများ

မည်သည့်ပုဂ္ဂိုလ်၊ လုပ်ငန်း၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းမဆို ၎င်းတို့၏ ပိုင်ဆိုင်ပစ္စည်းများအား မီးအာမခံထားနိုင်ပါသည်။

  • ပိုင်ရှင်များ၊ ပူးတွဲပိုင်ရှင်များ
  • အပ်နှံခံရသူများ၊ အဌားပေးသူ၊ အဌားယူသူ၊ ဘဏ်များ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပေါင်နှံသူ (မြီစား)၊ အပေါင်ခံသူ (မြီရှင်)၊ အပေါင်ပေးသူ၊ အတိုးယူပြီး အပေါင်ခံသူ
  • ကုန်လှောင်ရုံထိန်းသိမ်းသူ / စောင့်ရှောက်သူများ
  • ဒေဝါလီခံရသောဖြစ်ရပ်တွင် တရားဝင်လက်ခံရရှိသူ (သို့) ပစ္စည်းလွှဲအပ်ခံရသူ
  • ဥပဒေအရ ပိုင်ဆိုင်ခွင့်ရှိသူ။ (ဥပမာ – ကုန်ပစ္စည်း သယ်ယူပို့ဆောင်သူများ၊ ဆိပ်ကမ်း၌ ယာယီသိုလှောင်ရုံရှိ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်း၊ ကော်မရှင်စား ကိုယ်စားလှယ်များစသည်….)
  • ဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ

အာမခံ ထားနိုင်သော အရာများ

၁) အဆောက်အဦ (မြေတန်ဖိုး မပါ)
၂) ပရိဘောဂ ပစ္စည်းများ
၃) စက်ပစ္စည်းများ
၄) ကုန်ပစ္စည်းများ (ကုန်ကြမ်း၊ ကုန်ချော၊ လုပ်ငန်းသုံး ပစ္စည်းများ)

မှတ်ချက်။ တန်ဖိုးသတ်မှတ်ရန် ခက်ခဲသော အနုညာတပစ္စည်းများနှင့် အတွင်းပစ္စည်းများ ဖြစ်သော ရွှေသတ္တု၊ ငွေသတ္တုနှင့် ကျောက်မျက်ရတနာများ၊ ကျပ် ၅၀,၀၀၀/- အထက်တန်ဖိုးရှိသော အနုပညာလက်ရာပစ္စည်းများနှင့် ထူးခြားဆန်းပြားသောပစ္စည်းများ၊ စာမူများ၊ စီမံချက်များ၊ ရုပ်ပုံကားချပ်များ၊ တံဆိပ်ခေါင်းများ၊ ငွေချေးသက်သေခံလက်မှတ်များ၊ စာချုပ်များ (သို့) စာရွက်စာတမ်းများ၊ ငွေအကြွေများ၊ ငွေစက္ကူများ၊ ချက်လက်မှတ်များ၊ ငွေစာရင်းစာအုပ်များ၊ ကွန်ပြူတာစနစ်မှတ်တမ်းများကို အာမခံ လက်ခံဆောင်ရွက်ခြင်း မပြုပါ။

အခြေခံ မီးအာမခံ အကာအကွယ်များ


မီးလောင်ကျွမ်းမှု ကြောင့်ဖြစ်စေ၊ မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်စေ၊ အိမ်သုံးဓါတ်ငွေ့ပေါက်ကွဲမှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှု (သို့မဟုတ်) ပျက်စီးမှုတို့အတွက် အကာအကွယ်ရရှိပါမည်။

ထို့အပြင် အောက်ဖော်ပြပါဆုံးရှုံးမှုအမျိုးအစားများကိုလည်း အကာအကွယ်ပေးပါသည်။

  • မီးသတ်ရာတွင် အသုံးပြုသည့်ရေကြောင့်ဖြစ်စေ (သို့) အခြားအရာတို့ကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးသွားသည့် ပစ္စည်းများ၊ ပိုင်ဆိုင်ပစ္စည်းများ
  • မီးသတ်ဝန်ထမ်းများ၏ မီးညွှန့်ကျိုးစေရန်အလို့ဌာ ကပ်လျှက်ဥပစာ(အဆောက်အဦ) များအား ဆွဲချခြင်း ကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများ
    မီးအရှိန်မြင့်မားသောကြောင့် ပစ္စည်းများကို ဖယ်ရှားပြောင်းရွှေ့မှု ပြုစဉ်ပျက်စီးခြင်းများ (ဥပမာ – ပရိဘောဂပစ္စည်းများအား ပြူတင်းပေါက်မှ ပစ်ချခြင်းကြောင့် ပျက်စီးခြင်း)

အပိုအန္တရာယ်အကာအကွယ်များ

အောက်ဖော်ပြပါ အခြားသောဘေးအန္တရာယ်များအတွက် အပိုအကာအကွယ်များအား ထပ်မံဝယ်ယူ ရရှိနိုင်ပါသည်။

  • အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှုများ
  • လေယာဉ်ဖြင့် ထိခိုက်ပျက်စီးမှု
  • ကုန်းလမ်းသွားယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း
  • မြေကျွံ၊ မြေပြိုခြင်း
  • မြေငလျင်မီး၊ မီးအပါအဝင်ငလျင်ကြောင့် ပြိုအက်ပျက်စီးမှု
  • ပေါက်ကွဲပျက်စီးမှု
  • အလိုအလျောက်မီးစွဲလောင်မှု
  • လေပြင်းမုန်တိုင်းအမျိုးမျိုး
  • ရေကြီးခြင်း၊ ရေလျှံခြင်း
  • ဖောက်ထွင်းခိုးယူမှု
  • စစ်ဘေးအန္တရာယ်

ပရီမီယံနှုန်းထား

အနိမ့်ဆုံး ဝ.၁၃% မှ အမြင့်ဆုံး ၃.၅% ထိ

အာမခံကြေးကို ကောက်ခံရတွင် – အဆောက်အဦ အတန်းအစား၊ အဆောက်အဦ အသုံးပြုပုံ၊ ပတ်ဝန်းကျင်အဆောက်အဦး အခြေအနေပေါ်တို့အပေါ်မူတည်၍ ပရီမီယံနှုန်းထား သတ်မှတ်ပါမည်။

လျော်ကြေးမဲ့ဆု (No Claims Bonus)

အာမခံသက်တမ်းNo Claims Bonus
ပထမနှစ်
ဒုတိယနှစ်25% of Premium

အကျုံးမဝင်သော ကိစ္စရပ်များ

  • အာမခံထားသော ပိုင်ဆိုင်ပစ္စည်းများသည် မီးလောင်ကျွမ်းမှု၏ အကျိုးဆက်ဖြစ်သော အောက်ဖော်ပြပါတို့ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်း
  • မီးလောင်စဉ်နှင့် မီးလောင်မှုဖြစ်ပွားပြီးနောက် ခိုးယူခံရခြင်းကြောင့် ဆုံးရှုံးမှု၊
  • ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် မသန့်ရှင်းမှု၊
  • ရေဒီယိုသတ္တိကြွလှိုင်းများဖြစ်စေပြီး အဏုမြူ မြူမှုန်အဖြစ်အသွင်ကူးပြောင်းခြင်း (သို့) ရေဒီယိုသတ္တိကြွမှု ကြောင့် ညစ်ညမ်းစေခြင်း၊
  • အချဉ်ဖောက်ဓါတ်ပြုခြင်း၊ သဘာဝအပူလောင်ကျွမ်းခြင်းအလိုအလျောက် မီးလောင်ကျွမ်းခြင်း၊ အပူပေးခြင်း၊ အခြောက်ခံခြင်းတို့ကြောင့် ဆုံးရှုံးပျက်စီးမှု၊
  • အာဏာပိုင်အဖွဲ့အစည်းအသီးသီး၏ အမိန့်ဖြင့် ပိုင်ဆိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးခြင်းနှင့် မြေအောက်မီးလောင်ကျွမ်းခြင်း၊
  • အဏုမြုလက်နက်ဆိုင်ရာပစ္စည်းများကြောင့် ဆုံးရှုံးပျက်စီးခြင်း၊
  • သစ်တောများ၊ ခြုံနွယ်များ၊ မြက်ခင်းပြင်များ၊ မြက်ရှည်မြက်ခင်းများ၊ တောအုပ်များ၊ မီးလောင်ကျွမ်းမှုများနှင့် မြေယာများ မီးရှို့ရှင်းလင်းမှုများ

Claims Handling Service 24/7

09250668043, 09770954449

လူကြီးမင်းတို့၏ တန်ဖိုးထားရသော နေအိမ် အဆောက်အဦ စက်ရုံ အလုပ်ရုံ များအတွက် အာမခံ ကျသင့် ပရီမီယံအား

အသေးစိတ် သိရှိလိုပါက Quotation တောင်းခံနိုင်ပါသည်။

အိုဇာတာ ကောင်းဖို့ ဗေဒင် ယတြာ ချေလို့ မရပါဘူး… အသက်အာမခံ ဖြင့် ကြိုတင်စီမံထားပါ…