Motor Insurance

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိလှတဲ့ မော်တော်ယာဉ်ဟာ မြို့တွင်း မြို့ပြင် လမ်းမများထက်မှာ နေ့စဉ် အသုံးပြုနေရတဲ့အတွက် မော်တော်ယာဉ် အာမခံထားရှိထားမှသာ လုံခြုံစိတ်ချမှုကို ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်…

အာမခံထားနိုင်သည့် ယာဉ်များ
က.ည.န တွင် တရားဝင်မှတ်ပုံတင်ထားသော စက်တပ်ယာဉ်အမျိုးမျိုးနှင့် ရွေ့လျားယာဉ် ယန္တရားများအား အာမခံထားရှိနိုင်ပါသည်။

ပရီမီယံနှုန်းထား
ယာဉ်အသုံးပြုပုံ၊ ယာဉ်အမျိုးအစား၊ အင်ဂျင် ပါဝါ ပေါ်မူတည်၍ အိမ်စီးကား အတွက် ယာဉ်ကာလပေါက်ဈေး၏ ပျှမ်းမျှ (၁.၃%)နှင့် လုပ်ငန်းသုံးကားအတွက် ယာဉ်ကာလပေါက်ဈေး၏ (၂.ဝ%)

အာမခံ အကျိုးခံစားခွင့်များ
၁) မတော်တဆ ထိခိုက်ခြင်းနှင့် တိမ်းမှောက်ခြင်း၊
၂) ရေကြီးခြင်း၊ မုန်တိုင်း (သို့မဟုတ်) သဘာဝဘေးအန္တရယ်ကြောင့် ဆုံးရှုံးပျက်စီးခြင်း၊
၃) မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ အလိုအလျောက် မီးပွားဖြစ်စေခြင်း၊ မိုးကြိုးပစ်ခြင်း၊
၄) မလိုတမာ ဖျက်ဆီးခံရခြင်း၊
၅) ကုန်းလမ်း၊ မီးရတာလမ်းနှင့် ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်စဉ် (ကုန်တင်၊ ကုန်ချပြုလုပ်ခြင်း အပါအဝင်) ဆုံးရှုံးပျက်စီးခြင်း။

အာမခံ အကာအကွယ်များ

သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းနှင့် ဆူပူမငြိမ်မသက်ဖြစ်ခြင်း (SRCC)
သဘာဝဘေးအန္တရာယ် (ဥပမာ- လေမုန်တိုင်း၊ ရေကြီးခြင်း၊ မြေငလျင် စသည်..) (Act of God)
ယာဉ်လေကာမှန် ထိခိုက်ပျက်စီးခြင်း (Wind Screen)
ခိုးယူခံရခြင်း (Theft)
ပိုမိုကောင်းမွန်သော အကာအကွယ် (ဥပမာ ယာဉ်ထိခိုက်ပစ္စည်းသွားသည့် အစိတ်အပိုင်းအား လဲလှယ်ရမည် ဆိုပါက အသစ်လဲလှယ်တပ်ဆင်ခြင်း) (Better Endorsement)
သူတစ်ပါးထိခိုက်ပျက်စီးမှု (Third Party)

လျော်ကြေးမဲ့ဆု (No Claims Bonus)

အာမခံသက်တမ်းPrivate PolicyCommercial Policy
ပထမနှစ်
ဒုတိယနှစ်25% of Basic Premium15% of Basic Premium
တတိယနှစ်30% of Basic Premium20% of Basic Premium
စတုတ္ထနှစ်40% of Basic Premium25% of Basic Premium

မော်တော်ယာဉ် အုပ်စုလိုက် အာမခံ ထားခြင်းအတွက် Fleet Discount ပေးခြင်း။

မော်တော်ယာဉ် (၁၀)စီးနှင့် အထက် အာမခံထားခြင်းအတွက် အခြေခံကျသင့် ပရီမီယံ၏ (၁၀%) Discount ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

Claims Handling Service 24/7

09250668043, 09770954449

လူကြီးမင်းတို့၏ မော်တော်ယာဉ်အတွက် အာမခံ ကျသင့် ပရီမီယံအား

အသေးစိတ် သိရှိလိုပါက Quotation တောင်းခံနိုင်ပါသည်။

အိုဇာတာ ကောင်းဖို့ ဗေဒင် ယတြာ ချေလို့ မရပါဘူး… အသက်အာမခံ ဖြင့် ကြိုတင်စီမံထားပါ…